Wednesday, November 26, 2008

ယနေ့ခေတ်ငွေတန်ဖိုး

ကျောက်ခေတ်မှာတော့ ပိုက်ဆံဟာ ခင်ဗျား အတွက်ဘာမှအသုံးဝင်မှာမဟုတ်ပါဘူး။
ယနေ့မှာ တော့ငွေကြေးဟာကမ္ဘာချူပ်ကိုင်လိုက်ပါပြီ။လူသားတွေဟာ ပိုက်ဆံကိုကုန်
ပစ္စည်းများဖလှယ်ရန် ကြားခံပစ္စည်း အဖြစ် တန်ဖိုးထားသုံးစွဲခဲ့ကြပါတယ်။ယဉ်ကျေးမှု့ 
တိုးတက်လာတာနဲအမျှ ပိုက်ဆံကိုတန်ဖိုးထားမှုဟာ မြင့်မားလာပါတယ်။ယဉ်ကျေးမှု့ 
မြင့်မားလာတယ်ဆိုတဲ့နေရာမှာ ကျူပ်အထင် ရုပ်ယဉ်ကျေးမှု့  သက်သက်ပါ၊စိတ်ယဉ်ကျေးမှု့ 
ကတော့တဖြည်းဖြည်းနိမ့် သထက်နိမ့်ကျလာတယ်ဆိုတာကိုယနေ့ခင်ဗျား
ကြားနေရတဲ့ ဒုစရိုက်သတင်းတွေက သက်သေပါပဲ။လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်လောက်က
လူတစ်ယောက်ကို သတ်ဖို့ခင်ဗျားတော်တော် ကြိုးစားရလိမ့်မယ်။ယနေ့မှာတော့
လူတစ်ယောက်မကပါဘူး၊ လူပေါင်းများစွာကိုအလွယ်တကူ သေစေနိုင်တဲ့လက်နက်တွေ ရှိနေပါပြီ။
ဒါဟာရုပ်ယဉ်ကျေးမှု့  တိုးတက်လာခြင်းရဲ့ ဘေးထွတ်ဆိုးကျိုးပါပဲ။
ဟိုလွန်ခဲ့တဲ့ အင်ပါယာခေတ် မှာတော့ သယံဇာတ၊လူအင်အား၊မြေနေရာများများရှိတဲ့ နိုင်ငံတွေကလက်မထောင်ခဲ့ကြပါတယ်။ယခုခေတ်မှာတော့ ရုပ်ယဉ်ကျေးမှု့ 
အတိုးတက်ဆုံးနိုင်ငံတွေက ဦးဆောင်လာပါပြီ။ဂျပန် နှင့် စင်္ကာပူ နိုင်ငံများကသက်သေ။
ဒီလို ရုပ်ယဉ်ကျေးမှု့  တိုးတက်ခြင်း သို့  ရုပ်ပစ္စည်းများတိုးတက်လာခြင်းဟာ လူတွေရဲ့
ငွေကြေးအပေါ်တန်ဖိုးထားမှုကို ပိုမိုမြင့်မားလာစေပါတယ်။ကျုပ်အထင်
လူတွေငွေကြေးအပေါ် တန်ဖိုးထားမှု ဟာစိုးရိမ်ရေမှတ်ကို ရောက်နေပါပြီ။ ယနေ့လို
ရုပ်ယဉ်ကျေးမှု အရမ်းတိုးတက်နေတဲ့ခေတ်မှာခင်ဗျားတို့၊ကျုပ်တို့ဟာ
မိမိစိတ်ယဉ်ကျေးမှုကို တိုးတက်အောင်မလုပ် နိုင်ဘူးဆိုရင် ကျုပ်တို့၊ခင်ဗျားတို့ဟာ
ယနေ့ခေတ်ရဲ့ငွေကျွန် တွေဖြစ်လာပါလိမ့်မယ်။

No comments: