သူငယ်ချင်းတစ်ယောက် ကလေးမွေးတယ်။မိန်းကလေးဗျ။
သူကယောက်ျားလေးလိုချင်တာဗျ။ပထမ ကလေးတုန်းကလည်း မိန်းကလေးလေး။
အဲ့ဒါ နဲနဲစိတ်ညစ်နေပုံပေါက်တာ နဲ့ ခင်ဗျား နရသီဟပတေ့ဝင်စားတာဖြစ်မယ်လို့
နောက်ခဲ့သေးတယ်။ဆရာမြသန်းတင့်ဘာသာပြန်တဲ့ ဧကရီဖွားစောဆိုတဲ့ဝတ္ထုထဲမှာဖတ် ရတယ်လေ။နရသီဟပတေ့မင်းကို
သူ့သားတော်ကိုယ်တိုင်ကအဆိပ်ထမင်းကျွေးသတ်သတဲ့။
ဒါကြောင့်နရသီဟပတေ့မင်းကသေခါနီးမှာ သားတော်ကိုစိတ်နာပြီး
သံသရာတလျှောက် သားယောက်ျားလေးမမွေးရပါစေနဲ့လို့ဆုတောင်းသွားသတဲ့။
ခင်ဗျားတို့လည်း သားယောက်ျားလေးမရဖြစ်နေရင် ကိုယ့်ကိုကိုယ်နရသီဟပတေ့ဝင်စားတယ်
လို့ သာထင်ကြပေရော့။
(ဒါပေမယ့်နရသီဟပတေ့က သောက်သုံးကျတဲ့ 'မင်း'တော့မဟုတ်ဘူးဗျ။ )
Saturday, November 29, 2008
သားယောက်ျားလေး မရသူများအတွက်
Labels:
ထင်ရာမြင်ရာများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment