တစ်ခါက လယ်သမားတစ်ယောက်အိမ်မှာ ကြက်၊ဝက်၊နွား နှင့် မြင်းတို့နေကြလေသည်။
၎င်းတို့နှင့်အတူကြွက်တစ်ကောင်လဲ နေလေသည်။ တစ်နေ့၌ လယ်သမားသည်
ကြွက်ထောင်ချောက် ဝယ်လာလေသည်။ဤသည်ကို ကြွက်မြင်သော် အလွန်တုန်လှုပ်ကာ
သူ၏မိတ်ဆွေများဖြစ်သော ကြက်၊ဝက်၊မြင်း နှင့် နွားတို့ထံအကူအညီတောင်း လေ၏။
ကြွက်... ...လုပ်ကြပါအုံး ကိုကြက၊်ကိုဝက၊်ကိုနွား၊ကိုမြင်း တို့ရေ
ကြက်.... ....ဟအလန့်တကြားဘာဖြစ်တာတုံး ကြွက်စုတ်ရ။
ကြွက်.... .....လန့်ဆိုကျုပ်တော့ကိုကျိုးနဲပြီထင်ပါ့ဗျာ အိမ်ရှင်ကကြွက်ထောင်ချောက်ဝယ်လာတယ်ဗျ။
ဝက်..... ......အို အဲဒါငါတို့နဲ့ဘာဆိုင်သတုန်းကွ။သွားစမ်းကွာ။
ကြက်.... .....စိတ်မကောင်းပါဘူးကွယ်။တို့လဲမတတ်နိုင်ပါ။ငှဲငှဲငှဲ....
မြင်း... .... ဒီလောက်သောင်းကျန်းတဲ့မင်းလိုကောင်မျိုး
ကိုကြွက်ထောင်ချောက်တင်မဟုတ်ဘူး။ကြွက်သတ်ဆေးနဲ့ပါ ဆုံးမရမှာ
နွား..... ....ကိစ္စမရှိပါဘူး ကြွက်စုတ်ရာ ငါနဲ့အတူမြက်စားပေါ့ကွ။ဟားဟားဟား.....
ဤသို့ ကြွက်ကိုဝိုင်းဝန်းလှောင်ပြောင်ကြသဖြင့် ကြွက်လဲစိတ်ညစ်ညစ်နှင့်ထွတ်သွားလေတယ်။
မိမိ၏မိတ်ဆွေများကိုအားကိုး၍မရမှန်းသိသိသဖြင့် မိမိဘာသာသတိထားနေထိုင်လေတယ်။
တစ်နေ့တွင် ကြွက်ထောင်ချောက်၍် မြွေတစ်ကောင်အားမိလေသည်။လယ်သမား၏ဇနီးမှာ
မြွေမိနေသည်ကိုသတိမထားမိပဲ ကြွက်အထင်ဖြင့် ကြွက်ထောင်ချောက်ကို ကိုင်လေရာမြွေပေါက်
ခံရလေသည်။။မိမိဇနီးမြွေပေါက်ခံရ သည်ကိုလယ်သမားသိသိချင်း မြင်းကိုစီး၍
သမားတော်သွားပင့်လေသည်။လမ်းတလျှောက်၌ဇနီးဇောဖြင့် မြင်းကိုအပြင်းအထန်
ရိုက်နှက်သွားလေသည်။အပြန်ခရီးတွင်လဲ သမားတော်ပါတင်၍ အလာကဲ့သို့  ရိုက်နှက်ကာ
အိမ်သို့ ပြန်လေသည်။မြင်းသည်ထို ဒဏ်ရာများကြောင့်အပြင်းဖျားလေသည်။
သို့ သော်လယ်သမားမှာ ဇနီးလူမမာဆီ၌သာ စိတ်ရောက်နေသဖြင့် မြင်းအား
ဂရုမစိုက်နိုင်သောကြောင့် မြင်းသေလေ၏ ။ တစ်ဖန် လူမမာအားရှိစေရန်ဆိုကာ ကြက်ကို သတ်၍
ကြက်စွတ်ပြုတ် လုပ်တိုက်လေ၏။နယ်မှအမျိုးများလာရောက်သတင်းမေးကြသဖြင့်
ဧည့်သည်များရောက်ရှိလာ၏။ထို့ကြောင့်ဧည့်သည်များအားကျွေးမွေးရန်ဝက်ကို
သတ်၍ချက်ပြန်လေ၏။သို့သော်လယ်သမား၏ဇနီးမှာကံမကောင်းစွာတိမ်းပါးသွားလေ၏။
ထိုကြောင့် အသုဘတွင်ကျွေးရန်အတွက် နွားအားသတ်ပြန်လေ၏။ဤသို့ ဖြင့်
ကြက်၊ဝက်၊မြင်း၊နွား တို့လေးကောင်လုံး သေဆုံးကုန်လေသည်။
P.S ကြွက်၊ ဝက် ၊နွား ၊မြင်း ဆိုတာ ဘယ်သူတွေတုံး သိလား။ သေသေချာချာ စဉ်းစားကြည့်။
မြန်မာတွေ ဆိုတာသိလာလိမ့်မယ်။
Saturday, December 6, 2008
(၇)ကြွက်ထောင်ချောက်
Labels:
အင်တာနက်ပေါ်မှပုံပြင်လေးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment