Saturday, December 20, 2008

အတင်းလေလား သတင်းလေလား

ထင်ရာတွေချည်းပဲရေးတာများသွားပြီ။မြင်ရာလေးလည်းရေးအုံးမှလို့စဉ်းစားမိတယ်။
(ဟဲဟဲ ဘာမှမဟုတ်ဘူး။အတင်းတုတ်ချင်တာနဲ့အကြောင်းရှာတာ)
အခုတစ်လော blog လောကမှာ တော်တော်လေးရှုတ်ထွေးပွက်လောရိုက်နေတယ်။
ဟိုတစ်လောကလည်းခြေသလုံးလှလှလေးအကြောင်းကိုတစ်ထောင့်တစ်ည
ကရေးလိုက်တာပွတ်လောကိုရိုက်လို့။အခုလည်းmegumi
တစ်ယောက်လည်းblog ပိတ်ရလောက်အောင်အထိကို ပြဿနာတက်နေလေရဲ့။
ကိုထိုက်တစ်ယောက်ရဲ့ blog မှာလည်းအငြင်းအခုံအယူအဆပေါင်းစုံ ပလူပျံနေတာပဲ။
ကိုမျိုးလည်း Cbox မှာ .....ခံရဆိုပါလား။
blog အိမ်သာမှာလည်း ရှုတ်ရှက်ကိုခက်လို့ ။
တစ်ချို့ ကလည်း မသိတာလားမသိချင်ယောင်ဆောင်တာလားတော့ မသိဘူး။
Hit counter ကိုpage တစ်ခုကိုကြည့်ရင်တစ်ခါ Hit တက်အောင်လုပ်ပြီး
ဘယ်နှစ်သောင်းရှိပြီ ဘယ်နှစ်သိန်းရှိပြီဆိုပြီး ကြွားကြသေးရဲ့ ။အဲ့ ဒါတောင် ကိုယ်တို့က
blog လောကကိုခုမှရောက်တဲ့လူမို့ ဒီလောက်ပဲ သိသေးတာ။
ဘယ်နေရာတွေမှာ ဘာတွေများဖြစ်နေအုံးမလဲ မသိဘူး။
ဟီး......သူများအတင်းတွေ အဲလေ မှားလို့ သတင်းတွေတော့ တုတ်လို့ အဲ ပြောလို့ ဝပြီ။

2 comments:

Anonymous said...

သြော်...ရကကိုးးး ကောင်းပါ ကောင်းပါ့ အသစ်ကလေးဆိုပေမယ့် စိတ်မပျက်ပါနဲ့  ဘလော့မှာလည်း အပြင်လောကလိုပဲ ရှုပ်ထွေးတာတွေလည်းရှိတာပေါ့း) ဖြစ်တက်ပါတယ် စိတ်မပျက်နဲ့  အားပေးနေတယ် ချီးယာစ် ။

Unknown said...

မောင်မင်းတို့ လောကမှာ ဒါမျိုးတွေရှိသလားဟေ့ :P