Tuesday, December 23, 2008

နတ်သမီးသို့ ပေးစာ

နတ်သမီးရဲ့
ဝါဂွမ်းဖြူ နှလုံးသား
ကျွန်တော်အတွက်
ချစ်ခြင်းနှင့်လေးစားမှု
ရောထွေးယှက်စေတယ်။
မဝင့်ရဲခြင်း တံတိုင်း
ပိုမိုမာကြောစေတယ်။
မထိုက်တန်ဘူးဆိုတဲ့
အသိလှိုင်း နှလုံးသားကို
တအုံးအုံးရိုက်ခတ်စေတယ်။
ဘာပဲဖြစ်ဖြစ်
စိတ်ကူးအိပ်မက်တစ်ခုတော့
ပိုင်ဆိုင်ခွင့်ပေးပါ။
မှိန်လွန်းတဲ့ ကိုယ့်ကိုကိုယ်
အရောင်တင် အောင်မြင်တဲ့
နေ့တစ်ရက်ရောက်ရင်
ကြိုးစားခွင့်တံတား
ခင်းခွင့်ရတယ် ဆိုတာမျိုးပေါ့။

1 comment:

Anonymous said...

နတ်သမီးက စာအိတ်မပါလို့တဲ့ ပြန်ပို့လာတယ် မောင်ထင်း)