ပိုက်ဆံမပေးရတဲ့အပြုံးတွေကို ကပ်စီးနည်းမနေပါနဲ့။များများပြုံးပေးပါ။
ခင်ဗျားအတွက်အကျိုးမယုတ်ပါဘူး။အပြုံးဟာ ခင်ဗျားမျက်နှာပေါ်က
အကြောအခြင်လေးများတင်းမာမှုကို ပြေလျော့စေပါတယ်။အဲ့ဒါရဲ့ 
ရလဒ်ကတော့ မျက်နှာအရေပြားတွန့် ခေါက်ခြင်း (ဝါ)ပါးရေတွန့် ခြင်းကို
၂၀ရာခိုင်နှုန်းလျော့ကျစေပါတယ်။ဒါ့အပြင် ခင်ဗျားရဲ့အပြုံးကြောင့်
ခင်ဗျားရဲ့လုပ်ငန်းကိုင်ငန်းတွေပိုအစဉ်ပြေလာမယ်။လူချစ်လူခင်ပိုများလာမယ်။
ခင်ဗျားပတ်ဝန်းကျင်လည်းပိုပြီးသာယာလာပါလိမ့်မယ်။်ပြီးတော့အပြုံးမှာ
ကူးစက်နိုင်တဲ့စွမ်းရည်ရှိပါတယ်။ဒီလိုစဉ်းစားကြည့်ပါ။ခင်ဗျားကစလိုက်တဲ့အပြုံးကြောင့် ခင်ဗျားနောက်တစ်နေ့လမ်းထွက်တဲ့အခါလူတိုင်းရဲ့ မျက်နှာပေါ်မှာ အပြုံးကိုယ်စီနဲ့
ရှိနေမယ် ဆိုတာမျိုးပေါ့။ဆရာဖေမြင့်ရဲ့နှလုံးသားအာဟာရထဲကဝတ္ထုတိုလေးတစ်ပုဒ်ကို
သွားသတိရတယ်ဗျ။စပိုင်တစ်ယောက်ကိုရန်သူတွေကဖမ်းမိသွားသတဲ့။ဒီတော့စပိုင်ခမျှာ
သူ့ကိုယ်သတ်ပစ်လေမလား ဆိုတဲ့အတွေးနဲ့ စိတ်ဂယောက်ဂယက် ဖြစ်ပြီး
သူ့အိတ်ကတ်ကိုစမ်းမိတော့ စီးကရက်တစ်လိပ်သွားတွေ့ တယ်။ သူ့ကိုယ်သူ
စိတ်ငြိမ်သွားအောင်စီးကရက်သောက်ဖို့ အချုပ်ခန်းအစောင့်ကို မီးခြစ်လိုချင်ကြောင်း
လှမ်းပြောလိုက်တယ်။အချုပ်စောင့်ကမီးခြစ်လာခြစ်ပေးတော့သူတို့နှစ်ယောက်
မျက်နှာနီးနီးကပ်ကပ်ဖြစ်သွားတဲ့အခါသူကအချုပ်စောင့်ကို အမှတ်မထင်ပြုံးပြလိုက်မိတယ်။
အချုပ်စောင့်ကလည်းသူ့ကိုပြန်ပြုံးပြပြီး သူ့နံမည်ကိုမေးတယ်။ဒီလိုနဲ့သူတို့နှစ်ယောက်
စကားပြောဖြစ်သွားတယ်။ပြောရင်းပြောရင်း မိသားစုအကြောင်းရောက်သွားတဲ့အခါမှာ
စပိုင်ကသူ့မိသားစုဓါတ်ပုံကိုထုတ်ပြပြီးသူ့ကလေးတွေအတွက်သူဘယ်လိုအစီအစဉ်တွေ
ဆွဲထားကြောင်း၊အခုတော့လုပ်နိုင်တော့မှာမဟုတ်တဲ့အကြောင်း စသည်ဖြင့်ပြောနေမိတယ်။
ဒီမှာတင်အချုပ်စောင့်က သူမထင်ထာတဲ့လုပ်ရပ်ကိုလုပ်လိုက်ပါတယ်။အဲ့ဒါကတော
့သူ့ကိုအချုပ်ခန်းသော့ဖွင့်ပြီး လွတ်ပေးလိုက်တာပါပဲ။ဒါဟာသူ့ဘဝကို အပြုံးတစ်ခုက
ကယ်တင်လိုက်ခြင်းပါပဲတဲ့။
ဒါကြောင့်ခင်ဗျား တို့ကို ကျွန်တော်ကများများပြုံးစေချင်တာပါ။
အဲသဘာဝကျတဲ့အပြုံးလေးတွေတော့ဖြစ်ဖို့ လိုသဗျ။
တော်တော်ကြာ အတင်းလုပ်ပြုံးနေတဲ့ခင်ဗျားကို
ခင်ဗျားအပေါင်းအသင်းတွေကဂေါက်သွားပြီထင် နေအုံးမယ်ဗျ။
Wednesday, December 3, 2008
များများပြုံးပါ
Labels:
ထင်ရာမြင်ရာများ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment