Thursday, December 18, 2008

Welcome

အမှောင်မြို့ ပြ
လာကြည့်လှဲ့ပါ
ကျွန်ုပ်တို့မြို့ သားများမှ
သက်ပြင်းချသံ
တောက်ခေါက်သံများကို
နားဝင်ချိုသာအောင်
ဖျော်ဖြေပါလိမ့်မယ်။
၂၁ရာစုအန်တိုနီယိုကို
လက်ဆွဲနှုတ်ဆက်ပါ
နေရာထိုင်ခင်းကောင်းကောင်းရလိမ့်မယ်။
ကံကောင်းလွန်းရင်
အလီဘာဘာဇာတ်
သင်ကိုယ်တိုင်ဝင်ကရလိမ့်မယ်။
သားရဲများနဲ့
အလိုက်သင့်နေထိုင်နည်း
မြို့ သားများဆီမှသင်ယူပါ။
လမ်းဖွင့်နည်း
တံခါးခေါက်နည်း
အင်း......
ဒါလည်းမမေ့ပါစေနဲ့
မျှော်လင့်ခြင်းရဲ့
ကြယ်တစ် စင်းအကြောင်း
မသိချင်ယောင်ဆောင်နေပါ။
ဒုက္ခသည်များ၏
မျက်ရည်များဖြင့်
သင့်ခရီးလမ်းချောမွေ့ ပါစေ။

No comments: