Wednesday, July 22, 2009

နွေနဲ့ ဆောင်း


နွေဦး
ဝင်ကြည့်
ဘာမှမရှိ

ဒေါက်တာသန်းထွန်းရဲ့ ဂျပန်မှုထပ်တစ်ရာဆိုတဲ့စာအုပ်ထဲက ဂျပန်ကဗျာလေးပါ။ ဆရာကိုယ်တိုင် ဘာသာပြန်ထားတယ် ထင်ပါတယ်။သေသေချာချာမမှတ်မိတော့ပါ။ ကဗျာရဲ့ အဓိပ္ပာယ်က နွေဦးရဲ့အရသာကိုသေသေချာချာခံစားကြည့်ရင် လွတ်လပ်မှုကို
အပြည့်အဝတွေ့ ရလိမ့်မယ်။ ပင်လယ်ကမ်းခြေမှာ ကိုယ်တစ်ယောက်တည်းနေဝင်လာတာကိုဖြစ်ဖြစ်၊ကောင်းကင်ကိုမော့ကြည့်တဲ့ အခါမှာဖြစ်ဖြစ် ခံစားရတဲ့ခံစားမှုလိုမျိုး ကိုယ်ဘေးမှာဘာမှမရှိတော့သလို လွတ်လပ်မှုမျိုးကိုခံစားရမယ်။အတိုချုံး ပြောရရင် ဘာအနှောင်အဖွဲ့ မှမရှိတဲ့လွတ်လပ်ခြင်းကို နွေဦးရာသီမှာ တွေ့ နိုင်၊ခံစားနိုင်တယ်လို့ ဆိုလိုပါတယ်။

No comments: