Friday, November 28, 2008

ဒဏ်ရာနံပါတ်တစ်

ဇာတ်လမ်းကဂလို့ စတာ
နှစ်နာရီခန့် သူမအလာကိုရပ်စောင့်နေရတယ်(ဒါမျိုးဆို ဝိရိယကသိပ်ကောင်း)
ဟောလာပါပြီဗျာ ကျွန်တော့် မင်းသမီးလေး
သူမ နောက်မှအပြေးလိုက်၍ မဝင့်မရဲကျွန်တော်ခေါ်မိတယ်။
"ဒီ..ဒီမှာ"
"ဘာတုန်း"ပြန်အော်လိုက်သံက လော်စပီကာအလုံး၂၀လောက်မျိုထားသည့်အသံမျိုး
"ဟဲ့ပလုပ်တုပ်"ကျွန်တော်လန့်၍အော်လိုက်မိ၏။
"ကြောင်တောင်တောင်နဲ့ ဘာမှန်းမသိဘူး" သူမအသံက ပထမထက်ပိုကျယ်လာတယ်။
(အလုံး၂၀ x ၂)(လော်စပီကာကိုပြောတာ)
"ဟို....ဟိုကျွန်တော်တောင်းထားတဲ့အဖြေလေး"ကြောက်ကြောက်နှင့်ကျွန်တော့် ဆီမှ
ှထွတ်ကျလာသောစကားလုံးများ
"မချစ်ဘူး"ပြတ်သားလိုက်သည့်သူမ၏အသံ
မပြတ်သားသည်ကကျွန်တော်
"အဲ့လိုတော့မလုပ်လိုက်ပါနဲ့"ပြောလဲလက်ကလဲဆွဲလိုက်မိတယ်( လက်ကိုပြောတာ တမျိုးမတွေးနဲ့)
ပိုင်လိုက်သည့်ဖြစ်ခြင်း(အထင်မစောပါနှင့်)
"ဒါဘာလုပ်တာတုန်းလွှတ်စမ်းလက်ကို"သူမဒေါသနှင့်အော်သည်။
"မလွှတ်ဘူး ချစ်တယ်ပြောမှ လွှတ်မယ်" (အမယ်အမယ်လုပ်ပုံက)
"ပြောမရတဲ့ကောင် ကဲ..ဟာ" ပြောလဲပြောလက်ကဆော်လဲဆော်ထပ်လိုက်သည်။
(အသံထက်မြန်တယ်ဆိုတာအဲ့တော့မှ ယုံတော့တယ်)
"ဖြန်း"လမ်းသွားလမ်းလာများငေးကြည့်၏။အအေးဆိုင်၊လဘ္ကရည်ဆိုင်များမှ
ငနဲသားများ စိတ်ဝင်စားလာသည်။
"ရိုက်ပါကွာ အစကထဲက ကကိုယ့်ကိုကိုယ်သိပါတယ်ဒီကိစ္စတွေမှာ အဖြစ်မရှိတာ၊
ဒီဘက်ပါး တချက်ကျန်ပါသေးတယ် မင်းရိုက်ရင်အားပါးတရရိုက်နိုင်အောင်
မင်းလက်ကိုစကိုင်ကတည်းက ဘယ်ဖက်လက်ကိုရွေးကိုင်ထားတာ" သနားစရာမျက်နှာပေးဖြင့်
မျက်နှာကို သူမရှေ့ထိုးပေးလိုက်၏။"(ပိုင်သကွာ)
ကြည့်ရှုအားပေးသူများ၏ သနားသောမျက်ဝန်း များကိုမြင်၏
သူမ စူးစူးစိုက်စိုက်ကြည့်၏။ ထို့ နောက်
"ဖြန်း"(ကျွန်တော့်မင်းသမီးလေး၏ ဒုတိယမြောက်လက်သံဖြစ်၏။
မင်းလက်ဝါး၏သမီးတော်လားမှတ်ရ၏။ပြင်းထန်လိုက်သမှ အသည်းထိရောက်၏
ဒါပဲဖြစ်မယ်heart ထိတယ်ဆိုတာ)
"မွေးမေလေ့"(ကျွန်တော့်၏ငယ်သံပါသည့် အော်သံ)
"ဖြောင်းဖြောင်းဖြောင်း"(ပွဲကြည့်ပရိတ်သတ်များဆီမှလက်ခုတ်သံ)
ဇာတ်လမ်းကအဲ့ ဂလိုစတာ

No comments: