
ဒီနေ့ ကျွန်တော့်ရဲ့ ၂၃ နှစ်မြောက်မွေးနေ့ပါ။တကယ်တော့မွေးနေ့လို့
ပြောတာထက်စာရင် အသက်ဘယ်နှစ်မြောက်နေ့လို့ပြောတာကပိုမှန်မယ်ထင်တယ်။
ဒီလိုတွေးမိတယ်လေ။မွေးနေ့ဆိုတာက ကိုယ်မွေးတဲ့နေ့မဟုတ်လား။တကယ်က
ကိုယ့်ကိုမွေးတဲ့နေ့ကအတိတ်မှာကျန်ခဲ့ပါပြီ။ဘယ်တော့မှကျနော်တို့ အဲ့ဒီနေ့
ကိုပြန်မရောက်နိုင်တော့ပါ။ကျွန်တော်တို့က မွေးနေ့လို့သာပြောနေကြတာပါ။
တနှစ်တခါကျရောက်လာလေ့ရှိတဲ့ ကျွန်တော်တို့ရဲ့ မွေးနေ့
ဟာ အမှန်တော့ ဖြတ်သန်းနေကြ တခြားနေ့တွေလိုပါပဲ။ပြက္ခဒိန်မပေါ်မှီ
ခေတ်ကလူတွေမှာဆို အခုခေတ်လူတွေလိုမွေးနေ့တွေဘာတွေရှိမယ်မထင်ဘူးနော်။
စစ်နှင့်ငြိမ်းချမ်းရေး ဝတ္တုထဲကဇာတ်ကောင်တစ်ယောက် (နံမည်မမှတ်မိတောဘူ့း)
ပြောတာကိုသွားသတိရတယ်။သူကနပိုလီယံကို အရမ်းးလေးစားအားကျပြီ၊
စစ်ထဲကိုလိုက်ပါခဲ့တာ။ဒီလိုနဲ့တနေ့ စစ်ပွဲတစ်ခုမှာသူတို့ အဖွဲ့ရန်သူရဲ့ 
အပြင်းအထန်တိုက်ခိုက် တာခံရပြီ၊သူကိုယ်တိုင်လဲဒဏ်ရာ အပြင်းအထန်ရပြီ
မေ့မြောသွားတယ်။သူမမေ့ခင် မှာလက်ထဲကအလံကိုကျစ်ကျစ်ပါအောင်ကိုင်ရင်း
ကောင်းကင်ကိုကြည့်ပြီး"အင်း ရန်သူ့လက်မှာသေရတော့မယ် ငါဘာလို့စစ်ထဲလိုက်မိပါလိမ့်
တကယ်တော့ငါအထင်ကြီးတဲ့နပိုလီယံ ကလဲကောင်းကင်ကြီးနဲ့နှိုင်းစာရင် ကောင်းကင်
အောက်ကသတ္တဝါသေးသေးလေးပါလား"လို့တွေးမိတယ်တဲ့။
အင်း.....နပိုလီယံလဲမဟုတ်။ဟစ်တလာလဲမဟုတ် ဘာကောင်
မှမဟုတ်တဲ့ကျွန်တော့်လိုကောင်မျိုးရဲ့ မွေးနေ့က အသေးအဖွဲ ကိစ္စလေးပါပဲ။
Friday, November 28, 2008
မွေးနေ့
Labels:
နေ့လေးများအကြောင်း
Subscribe to:
Post Comments (Atom)

No comments:
Post a Comment