Wednesday, November 26, 2008

(၆)နှစ်လုံးဖြစ်သွားပြီ

တစ်ခါကလယ်သမား တစ်ယောက် ဖရဲသီး စိုက်တာတော်တော် အောင်မြင်သတဲ့။
ဒါပေမဲ့သူကိုဒုက္ခပေးနေတာက အနီးအနားကကလေးတွေဘဲဖြစ်ပါတယ်။ဘာလို့လဲဆိုတော့
ကလေးတွေက နေ့တိုင်းနီးပါးလာခိုးစားနေလို့ပါပဲ။တနေ့ တော့ သူအကြံရပြီး သူ့ဖရဲသီးခြံမှာ
ဒီလိုရေးထားလိုက်ပါတယ်။
"သတိ ဒီခြံမှ ဖရဲသီးတစ်လုံး ကိုစမ်းသပ်ထားသောကြောင့် ထိုအလုံးတွင်အက်စစ်များပါဝင်ပြီး
အန္တရာယ် ရှိသည်" ။
ဒီလိုရေးထားတာကိုကလေးတွေ့သွားတဲ့အခါမှာဆိုင်းပုတ်နားရစ်သီသီလုပ်နေပါတယ်။
လယ်သမားကြီးသွားကြည့်တဲ့ အခါမှာ ဖရဲသီးတစ်လုံး မှပျောက်ပုံမရ ပါဘူး။ဒါနဲ့သူ့
ဆိုင်းပုတ်ကို လှည့်ကြည့်မိတော့
"အခု နှစ်လုံးဖြစ်သွားပြီ"
ဆိုတဲ့စာကြောင်းထပ်တိုးနေတာကို တွေ့ လိုက်ရပါတယ်။

2 comments:

:P said...

မောင်လူအေးဆီက တဆင့် အကုန်လုံးဖတ်သွားပါတယ်။
ညာဖက်မှာ စာတွေကို တစ်ခုခုပိနေသလိုပဲ။
ဒီပို့စ်မှာဆိုရင် ညာဖက်က စာတချို့ဖတ်မရဘူး..ကြည့်ကြည့်ပါဦး....
များများရေးပါ။ လာဖတ်ပါမည်.

မောင်ထင် said...

sin dan lar ပြောလို့ ပိုစ့်တွေကိုနဲနဲ ပြင်ကြည့်ထားပါတယ်။ ဒါပေ့မယ့် ကျွန်တော့်ကွန်ပြူတာ မှာတော့ အစဉ်ပြေ နေသဖြင့် မည်သို့ လုပ်ရမည်မသိ ဖြစ်နေပါသည်။ နည်းလမ်းများရှိလျှင် ပြော
ပြကြပါ ခင်ဗျာ။